မုံရွာ ဇန်နဝါရီ ၃၀


စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးတာဝန်ခံ ဦးတင်မောင်သန်း ဦးဆောင် ပြီး အာမခံလုပ်ငန်းအကြောင်း သိကောင်းစရာ ရှင်းလင်းဟောပြောပွဲကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက မုံရွာမြို့ နည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးတာဝန်ခံ ဦးတင်မောင်သန်း က “ ဝန်ထမ်းများအားလုံးနှင့် သက်ဆိုင်သော အသက်အာမခံလုပ်ငန်း၊ နိုင်ငံပိုင်/ပုဂ္ဂလိကပိုင် အဆောက်အအုံများနှင့် သက်ဆိုင်သော မီးအာမခံလုပ်ငန်း၊ (ဆိုင်ကယ်၊ ကားနှင့် ယာဉ်မောင်းလိုင်စင် ပရီမီယံကြေးပေး သွင်းရခြင်းနှင့် သက်ဆိုင်သော သူတစ်ပါးထိခိုက်မှုအာမခံလုပ်ငန်း၊ အများပြည်သူခရီးသွားများနှင့် သက်ဆိုင်သော ရေ/လေ ခရီးသွားအာမခံလုပ်ငန်း၊ သူတစ်ပါးပစ္စည်းခိုးယူမှု၊ ယာဉ်တိုက်မှုနှင့် ထိခိုက်မှုဒဏ်ရာ ရရှိမှုများကြောင့် ၎င်းတို့ပိုင်ဆိုင်သည့် ယာဉ်၏ ပျက်စီးသည့် တန်ဖိုးအလျောက် ပြန်လည်ပေးလျော်ခြင်းနှင့် သက်ဆိုင်သော အလုံစုံထိခိုက်မှုအာမခံလုပ်ငန်းများ စသည့် သိကောင်းစရာများအကြောင်းနှင့် အာမခံဆိုင်ရာများဖြစ်သော ဝန်ထမ်းပေါင်းစုံနှင့် ပတ်သက်တဲ့ အသက်အာမခံ ကာလတို အကြောင်း သိကောင်းစရာများကို တက်ရောက်လာကြသူများအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြောင်းသိရသည်။


ထွန်းကိုကို(ယင်းမာပင်)