မုံရွာမြို့ ပေါ်ရှိ ကျောင်းသား ကျောင်းသူ (၁၁၀၀)ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး

မုံရွာ အောက်တိုဘာ ၁၈

မုံရွာမြို့ပေါ်ရှိ ဆေးထိုးစုရပ်များဖြစ်သည့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း မုံရွာ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာသိပ္ပံကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း အလုံတို့တွင် အသက် ၁၂ နှစ်နှင့်အထက်  အခြေခံပညာအလယ်တန်း/အထက်တန်း ကျောင်းသား ကျောင်းသူစုစုပေါင်း (၁၁၀၀) အား ယနေ့ နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) စတင် ထိုးနှံပေးလျက်ရှိသည်။  

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် အဖွဲ့ဝင်များသည် ကာကွယ်ဆေးထိုးခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြိူ့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိဝန်ထမ်းများက အဆိုပါကျောင်းများရှိ ကျောင်းသားကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အသက်(၁၂)ပြည့်နိုင်ငံသားစီစစ်ဆေးကတ်ပြားများ ဆောင်ရွက်ပေးနေမှု အေခြအနေတို့အား ကြည့်ရှုစစ်ဆေးပြီး လာရောက်ဆေးထိုးကြသော ကျောင်းသားမိဘများနှင့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။

အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မုံရွာတွင် (၂၇၄)ဦး၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံကျောင်းတွင် (၁၂၀)ဦးနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း အလုံတို့တွင် (၇၀၆)ဦး၊ စုစုပေါင်းကျောင်းသား ကျောင်းသူ(၁၁၀၀)ဦးအား ပထမအကြိမ် ထိုးနှံပြီးစီးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိကျောင်းသား ကျောင်းသူများကိုလည်း သတ်မှတ်ဆေးထိုးနေရာများတွင် သတ်မှတ်ရက်အလိုက် ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)