မုံရွာ အောက်တိုဘာ ၂၂

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်၌ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ပညာသင်ကြား လျက်ရှိသည့် အသက် ၁၂ နှစ်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် မုံရွာမြို့နယ်အတွင်းရှိ ဆေးထိုးသတ်မှတ်နေရာ ၃ နေရာတွင် အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁၈ ရက်မှ ယနေ့အချိန်အထိ ဆေးထိုးစုရပ်နယ်မြေ(၁)ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမုံရွာတွင် အခြေခံပညာအထက်တန်းကျောင်း စုစုပေါင်း (၇)ကျောင်းမှ ကျောင်းသားကျောင်းသူ (၂၇၄)ဦး၊ နယ်‌မြေ(၂)ရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာ သိပ္ပံကျောင်းတွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စုစုပေါင်း(၄) ကျောင်းမှ ကျောင်းသားကျောင်းသူ (၁၂၀)နှင့် နယ်မြေ(၃)ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အလုံတို့တွင် (၇၀၆)ဦး၊ အလယ်တန်း/ အထက်တန်းအဆင့် စုစုပေါင်း ကျောင်းသား ကျောင်းသူ (၁၁၀၀)ဦးအား ပထမအကြိမ် ထိုးနှံပြီးစီးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့် ကျောင်းသားကျောင်းသူများကိုလည်း ဆက်လက်ထိုးနှံ ပေးမည်ဖြစ်ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)