မုံရွာ ၂၄  စက်တင်ဘာ 

 

အမှတ်(၉)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲရုံးနှင့် အမှတ်(၂၈) လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့ ပူးပေါင်း၍ (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြု ၍  အကြို စုပေါင်းသွေးလှူဒါန်းပွဲကို မုံရွာမြို့၊ ပြည်သူ့ဆေးရုံကြီးရှိ သွေးလှူဘဏ်တွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

 

၅

 

အခမ်းအနားသို့ အမှတ်(၉)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ခွဲရုံးမှ ယာယီရဲမှူးကြီး သန်းထိုက်စိုး၊ အမှတ်(၂၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ယာယီ ဒုတိယ ရဲမှူးကြီး သိန်းထွန်း ၊ မုံရွာပြည်သူ့ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ရဲတပ်ဖွဲ့ဝင် (၇၅)ဦးတို့ သွေးလှူဒါန်းနေမှုအား ကြည့်ရူ့အားပေးပြီး ကြက်ဥနှင့် အဟာရဖြည့်စွက် အစားအစာများ ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)