မုံရွာ မေ ၁၆

 

၂၀၂၆-၂၀၂၇ ပညာသင်နှစ် မုံရွာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြသည်။

 

ကြည့်ရှုအားပေး

 

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသည့် ကျောင်းများသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးကိုလေးနှင့် တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုအားပေးကြပြီး ကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းဆောင် အဆောက်အအုံများ ကြံ့ခိုင်မှုရှိစေရေး မှာကြားခဲ့ကြောင်း သိရသည်။ 

 

တိုင်းဒေသကြီး (ပြန်/ဆက်)