မုံရွာ၊ သြဂုတ် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ကို ဇူလိုင် ၁၂ ရက်မှ စ၍ Stay At Home မြို့နယ်အဖြစ် သတ်မှတ် ကြေညာခဲ့ပြီးဖြစ်သော်လည်း ပိုးတွေ့လူနာများနှင့် သေဆုံးသူ လျှော့ကျခြင်းမရှိသဖြင့် သြဂုတ် ၁၄ ရက် မှ စ၍ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်း နေအိမ်ပြင်ပသို့ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ထွက်ခွာခြင်းမပြုရန် ညွှန်ကြားထားရှိပြီးဖြစ်ရာ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ် ကုသရေးအသိပညာ ပေးနှိုးဆော်ခြင်းနှင့် စစ်ဆေးခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သောအဖွဲ့သည် သတ်မှတ်ဧရိယာအတွင်း စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများသိရှိ လိုက်နာစေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ဝေထားသောလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမားရေးအသိပညာပေး ဆောင်ရွက်ခြင်း စသည့်အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်လျက်ရှိရာတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့မှ တာဝန်ရှိသူများသည် အများပြည်သူ သွားလာလျက်ရှိသော ဗိုလ်ချုပ်လမ်း၊ ပြည်ထောင်စုလမ်း၊ ကမ်းနားလမ်း၊ ကျောက္ကာလမ်းပေါ်တွင် စစ်ဆေးရေး ဂိတ်များဖွင့်လှစ်၍လည်းကောင်း၊ မုံရွာမြို့ဝင်မြို့ထွက်ဂိတ်များဖွင့်လှစ်၍လည်းကောင်း သတ်မှတ်နေရာအသီးသီး တွင် ပြည်သူများ အကြောင်းမဲ့ထွက်ခွာမှုများမရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ခြင်း၊ လိုက်နာမှုမရှိသူများ အား တည်ဆဲဥပဒေနှင့် အညီအရေးယူဆောင်ရွက်ခြင်းများကို အထူးအလေးထား၍ အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ ခရိုင်(ပြန်/ဆက်)


