မုံရွာ ဇွန် ၅

 

၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ချင်းတွင်းခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ ဌာန ဆိုင်ရာများ၊ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ၊ မိခင် နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဗီဒီယိုနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့သည့် သဝဏ်လွှာဖတ်ကြားသည့် ဗီဒီယို၊ မုံရွာတက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၏ တေးသီချင်းများဖြင့် သီဆို ဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်သော စက်ရုံ၊ အလုပ်ရုံလုပ်ငန်းဂုဏ်ပြုဆုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍအတွက် တိုင်းဒေသကြီး ပတ်ဝန်းကျင်သိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုအကောင်းဆုံးဆုရရှိကြသူများ၊ သန့်ရှင်း ၍ စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့တွင် ဆုရရှိကြသည့်ကျောင်းများ၊ အလွတ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာ အဆင့် စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဂုဏ်ပြုဆုလက်မှတ်နှင့် ဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။ (အပေါ်ပုံ)

 

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ရေ၊ မြေ၊ လေ တိုင်းတာရေးစက်ကိရိယာများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနည်းဥပဒေ၊ ဥပဒေ စာအုပ်များ၊ လှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများနှင့် ဆုရစာစီစာကုံးများကို ကြည့်ရှုအားပေးသည်။

 

မုံရွာမြန်းခန်းမတိုင်းဒေသကြီး ကြီးသည် ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုး ရအဖွဲ့မှ ဝန်ထမ်းသား သမီးများအား ပညာသင်စရိတ် နှင့် ကျောင်းဝတ်စုံများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနား သို့ တက်ရောက်အမှာစကားပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တက္ကသိုလ်အဆင့်၊ အ အခြေခံ ပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တို့တွင် တက်ရောက်နေကြသည့် ကျောင်းသား ကျောင်းသူများထံ ပညာသင်စရိတ်နှင့် ကျောင်းဝတ်စုံများကိုလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးရှိ ဝန်ထမ်းများနှင့် တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းများအတွက် ဆေးရည်စိမ်ခြင်ထောင်များကို လည်းကောင်း ပေးအပ်ချီးမြှင့်ကြရာ ဝန်ထမ်းမိသားစုများကိုယ်စား တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင် စကား ပြန်လည် ပြောကြားသည်။

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ဝန်ထမ်းသား သမီး ၁၆၁ ဦးအတွက် ငွေကျပ်စုစုပေါင်း ၁၄၅၅၇၅၀၀ (တစ်ရာ လေးဆယ်ငါးသိန်း ငါးသောင်ခုနစ်ထောင်)ကျပ်နှင့် ဆေးရည်စိမ်ခြင်ထောင်အလုံး ၄၀၀ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)