မုံရွာ ဇူလိုင် ၇

 

စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မုံရွာမြို့)တွင် သဘာဝဆိုးဆေးနှင့် Botanical Printing နည်းပညာသင်တန်းဖွင့်ပွဲကို ဇူလိုင် ၆ ရက်က အဆိုပါသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြူကြူစိန်က အမှာစကား ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးအဆင့် စီမံကိန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်သိန်းက အမျိုးသမီးများအတွက် ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း၊ သဘာဝဆိုးဆေးနှင့် Botanical Printing နည်းပညာသင်တန်းအတွက် သင်ထောက်ကူပစ္စည်းများနှင့် ခရိုင်အဆင့် စီမံကိန်းလုပ်ငန်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခိုင်ခိုင်မိုးက သင်တန်းတွင်အသုံးပြုသင်ကြားမည့် ကုန်ကြမ်းပစ္စည်းများကို ပေးအပ်ရာ သင်တန်းသူများက လက်ခံရယူသည်။

 

ထို့နောက် တက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် သင်ထောက်ကူပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ၊ ရက်ကန်းသင်တန်း လက်တွေ့ဆောင်ရွက်နေမှုများကို ကြည့်ရှုကြသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား သင်တန်းသူ ၁၅ ဦး တက်ရောက်ပြီး သင်တန်းကာလ ရက်သတ္တနှစ်ပတ်ကြာ စာတွေ့၊ လက်တွေ့သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)