မုံရွာ ဇွန် ၃

 

ဥပဒေရေးရာဝန်ကြီးဌာန၏ ပြည်သူ့အတွက် ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင်ပါဝင်သည့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့ရှိ စစ်ကိုင်းတိုင်းဒေသကြီး ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဥပဒေချုပ် ဒေါ်လှလှဝင်း တက်ရောက်၍ ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိ ကျင့်ဝတ်များကို ကောင်းစွာသိရှိလိုက်နာခြင်းဖြင့် ပြည်သူများ၏ ပိုမိုယုံကြည်အားကိုးမှုရရှိစေရေးကို ဖော်ဆောင်ကြရန် မှာကြားသည်။

 

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဥပဒေအရာရှိများအား သက်ဆိုင်ရာ ကျင့်ဝတ်ကြီးကြပ်ရေးအဖွဲ့များက မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)