မုံရွာ နိုဝင်ဘာ ၂၉

 

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် Grade-11 နှင့် Grade-12 ဆရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင် တန်းဆင်းပွဲကို နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ သလ္လာဝတီခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဥပဒေဆိုင်ရာနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ  တက်ရောက်ကြသည်။

 

ဦးစွာ ဝန်ကြီးချုပ်က သင်တန်းဆင်း အမှာစကား ပြောကြားပြီး စံပြဆုရရှိသူအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က ပထမဆုရရှိသူအားလည်ကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ဒုတိယဆုရရှိသူအားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က တတိယဆုရရှိကြသူများအား ဂုဏ်ပြုဆုလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဥပဒေချုပ်က သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

 

အဆိုပါ ၂၀၂၄ ခုနှစ် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းသို့ မုံရွာမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ ဆရာမ ၁၄၉ ဦးအား ဥပဒေပညာဘာသာရပ် ၇ ရပ်ဖြင့် သင်တန်းကာလ ရက်သတ္တ နှစ်ပတ်ကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)