မုံရွာ  ၁၄  စက်တင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင်  မုံရွာမြို့ ဗုဒ္ဓအရိပ်  မျက်စိအလှူတော်အသင်းမှ  မျက်စိအထူးကု  ဆရာဝန်  ဆရာမကြီးများပါဝင်သည့် အဖွဲ့သည်  ယနေ့နံနက်  ၇  နာရီမှ စတင်၍  ဆားလင်းကြီးမြို့နယ်အတွင်းရှိ  မျက်စိဝေဒနာခံစားနေရသော  ဒေသခံပြည်သူများအား  ဆားလင်းကြီးမြို့  မြို့လယ်သာသနာ့ဗိမာန်  အရုဏ်တော် ဘုံဆွမ်းလောင်းလှူအသင်း၌   အခမဲ့စမ်းသပ်ခွဲစိတ်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း  သိရှိရသည်။

 

a

 

ဆားလင်းကြီးမြို့နယ်အတွင်းရှိ  မျက်စိဝေဒနာရှင်  ၃၁၀  ဦးအား  အခမဲ့စမ်းသပ်ခွဲစိတ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့်  အကြောင်းအမျိုးမျိုးကြောင့်  မုံရွာမြို့သို့သွားရောက်ကုသမှု  မပြုလုပ်နိုင်ကြသော  မျက်စိဝေဒနာရှင် ဒေသခံပြည်သူများကလည်း  ဝမ်းသာလျက်ရှိကြောင်း သိရသည်။

ဦးငယ် (ဆားလင်းကြီး)