မုံရွာ ၊ ၂၃ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရုံးကြီးရပ်ကွက်၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ် အားကစားရုံတွင် ဖွင့်လှစ်ထားသော ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရေးနေရာတွင် ဒီဇင်ဘာ (၂၃)ရက် နံနက် ပိုင်းက မုံရွာလေယာဉ်ကွင်း အမှုထမ်း (၄၄)ဦးနှင့် ခရီးသည် (၂)ဦး စုစုပေါင်း(၄၆)ဦးတို့အား RDT Test Kit ဖြင့် Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့ ပြေးဆွဲမည့် ပြည်တွင်းလေကြောင်း ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည်ဖြစ်ရာ လေယာဉ်ကွင်းများတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများနှင့် ခရီးသည်များအား Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် RDT Tast Kit ဖြင့် Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေး ပေးခြင်းဖြစ်ကြောင်း သိရသည်။
“ ပြည်တွင်းလေကြောင်းလိုင်းတွေက မကြာခင် ပြန်လည်ပြေးဆွဲမှာ ဖြစ်တဲ့အတွက် မုံရွာမြို့နယ် အတွင်း ကပဲဖြစ်ဖြစ်၊ တစ်ခြားမြိ့နယ်တွေကပဲ ဖြစ်ဖြစ် လေကြောင်းခရီးစဉ်နဲ့ မုံရွာကိုလာရင် RDT Test Kit ဖြင့် Covid-19 ရောဂါပိုး ရှိ/မရှိစစ်ဆေးရမှာဖြစ်တယ်၊ အခု ကနဦးအနေနဲ့ လေကြောင်းနဲ့ဆိုင်တဲ့ ဝန်ထမ်းတွေကို စစ်ဆေးပေးတာ ဖြစ်တယ် ”ဟု မုံရွာခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာငြိမ်းငြိမ်းအေးက ပြောသည်။
ပြည်တွင်းလေကြောင်းခရီးစဉ်များ ပြန်လည်စတင်ရန် စီစဉ်လျက်ရှိရာ လေယာဉ်ကွင်းရှိမြို့များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်၊ ပြည်တွင်းလေကြောင်းနှင့်ဆိုင်သော ဝန်ထမ်းများ၊ ခရီးသည်များ ကိုဗစ် -၁၉ ရောဂါ ပိုးကင်းရှင်းခြင်း ရှိ/မရှိ ကနဦး စစ်ဆေးပေးဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


