မုံရွာ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာအားစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာလ ၁၇ ရက် နံနက်ပိုင်းက မုံရွာမြို့၊ ပြည်သူ့အားကစား ကင်းအရှေ့ဘက်ရှိ ဗိုလ်ချုပ်လမ်းမကြီးတွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်သန်းထိုက်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ မြို့နေပြည်သူများ၊ အာကစားကို ချစ်မြတ်နိုးသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တာဝန်ရှိသူများနှင့် စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများက သက်မှတ်စုရပ်နေရာများတွင် အသီးသီးနေရာယူကြပြီး တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းက Party Popper ပစ်ဖောက်၍ တာလွှတ်အလံဖြင့် အချက်ပြကာ စုရပ်နေရာဖြစ်သည့် ပြည်သူ့အား ကစားကွင်းရှေ့ ဗိုလ်ချုပ်လမ်းမှစတင်၍ ကန်သာယာ ရာပြည့်ကပ်ကျော် စေတီတော်ကြီးအထိ ပြည်သူနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်းအင်အား ၃၅၀၀ ကျော်က အသွားအပြန် တပျော်တပါး စုပေါင်းလမ်းလျှောက်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တာဝန်ရှိသူများနှင့် စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများက မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်း ကိုယ်ကာယလေ့ကျင့်ခန်း အတွဲ ၁၊ ၂ နှင့် Fitness Dance တို့ကို တပျော်တပါး စုပေါင်းပြုလုပ်ကြပြီး စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံကာ စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာသူများ ပျော်ရွှင်စေရေးအတွက် ကံစမ်းမဲများ ဖွင့်ဖောက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)