စစ်တွေ ဇွန် ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှု ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများနှင့် ရေလုပ်ငန်းများ ပြန်လည် ထူထောင်ရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင် စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း က ယနေ့ကျင်းပသည့် အစည်းအဝေးသည် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မွေးမြူရေး လုပ်ငန်း များနှင့် ရေလုပ်ငန်းများ ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်သင့်ဒေသများ၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်    နိုင်ရန် ဒေသအလိုက်ခန့်အပ် တာဝန်ပေးထားသည့် တပ်မတော်အရာရှိကြီးများလည်း Online  စနစ်ဖြင့် အစည်းအဝေးသို့ တက်ရောက်ကြကြောင်း၊ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ရေလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးဆောင်ရွက်နိုင်ရန် လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာ အကူအညီများအပြင် ထောက်ပံ့ကူညီ ပံ့ပိုးပေးစေလိုသည်များကို ပွင့်လင်းစွာ ရှင်းလင်းဆွေးနွေး တင်ပြကြစေလိုကြောင်း၊ မုန်တိုင်းဒဏ်သင့် ဒေသများအတွင်း စားရေရိက္ခာများ ဖူလုံစေရန် စီမံဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မွေးမြူရေး လုပ်ငန်းရှင်များနှင့် ရေလုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများသွက်လက်မြန်ဆန်စွာ ပြန်လည်စတင်နိုင်ရန် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက် သွားကြရမည် ဖြစ်ပြီး ရေတိုရေရှည်နှင့် ဦးစားပေးဆောင်ရွက်ရမည့် အစီအမံများ ချမှတ်ကာ ဆောင်ရွက် ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် လုပ်ငန်းရှင်များက မိုခါမုန်တိုင်း တိုက်ခတ်မှု ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မွေးမြူရေးလုပ်ငန်းများဖြစ်သော အသားစားကြက်၊ ဥစားကြက်၊ ဆိတ် ၊  နွားမွေးမြူရေး၊ ရေလုပ်ငန်းနှင့် ပတ်သက်သည့်  ပုစွန်  ဂဏန်းပျော့၊  ငါးနှင့် ပုစွန် မျိုးသားပေါက် မွေးမြူရေးစသည့် လုပ်ငန်းများတွင် ပျက်စီး ဆုံးရှုံးမှုများအပေါ် ကူညီပံ့ပိုးပေးစေလိုသည့် အခြေအနေများအား ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် နှင့် ဒေါက်တာ သက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးတင်ထွဋ်၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက် သည့် စာရင်းဇယားများ တိကျမှန်ကန်စွာပြုစုတင်ပြရန်နှင့် ဆက်လက်ဆောင်ရွက်လိုသည့် အစီအမံများကို တစ်ပါတည်း ပြုစုတင်ပြပေးကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း ရှင်များအချင်းချင်း ပေါင်းစည်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ခေတ်နှင့်အညီ နည်းပညာ များ အသုံးပြု၍ ဆောင်ရွက်ရန်လိုကြောင်း ဖြည့်စွက်ဆွေးနွေးကြသည်။ 

ယင်းနောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်း  က ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့် စပ်လျဉ်း၍ ပျက်စီးဆုံးရှုံးမှုများအတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ဆောင်ရွက် နိုင်သည် များကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး နိုင်ငံတော်အနေဖြင့်လည်း စိစစ်မှုများ ပြုလုပ်ကာ လိုအပ်သည်များ ပံ့ပိုးကူညီ  ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်၍   ငါးဖမ်း လုပ်ငန်းများတွင်လည်း ပျက်စီးဆုံးရှုံးသွားသည့် လှေ၊ ငါးဖမ်း ပစ္စည်းများအား ပြန်လည် ပြုပြုင်နိုင်သည်များကို အမြန်ဆုံးပြုပြင်ပြီး လုပ်ငန်းခွင်အမြန်ဆုံး ပြန်လည်ဝင်ရောက် နိုင်ရေး ဆောင်ရွက်သွားရန်နှင့် အလုံးစုံပျက်စီးသွားသည့် လုပ်ငန်းသုံး ပစ္စည်းများကို စိစစ်ပြီး ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး အခက်အခဲများရှိပါက တင်ပြဆောင် ရွက်သွားကြရန် မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေး ခဲ့သည်။

မွန်းလွဲပိုင်းတွင်  ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့်အဖွဲ့သည် ရခိုင်ပြည်နယ် လွှတ်တော်သို့ ရောက်ရှိကြပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့်  ပြည်နယ်လွှတ်တော် အစည်း အဝေးခန်းမ၊ ဧည့်ရိပ်သာနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန် ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ 

ထို့နောက် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်၊ ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဝန်ကြီး များသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်ပြီး လုပ်ငန်းကော်မတီအလိုက် တာဝန် ရှိသူများ၏  ပြန်လည်ထူထောင်ရေးဆိုင်ရာ တင်ပြချက်များအပေါ် လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်