ဂွ မေ ၁၅
ရခိုင်ပြည်နယ်၊ ဂွမြို့နယ် ရွှေဦးကွင်းကျေးရွာတွင် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘုန်းတော်ကြီးကျောင်း (၃)ကျောင်း၊ ဆေးပေးခန်း (၁)ခန်း၊ နေအိမ်(၁၆၉)လုံး ပျက်စီးခဲ့ရာ နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်