မုန်တိုင်းငယ်သတင်းအမှတ်စဉ်(၀၆/၂၀၂၃)

 

၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ  ၁  ရက်မြန်မာစံတော်ချိန် (၀၇:၀၀) နာရီ ထုတ်ပြန်ချက်

 

မုန်တိုင်းငယ်အခြေအနေ

 

ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀) နာရီတိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်တောင်ဘက်သို့ ရွေ့လျားခဲ့ပြီးမြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island) ၏  အနောက်-အနောက်တောင်ဘက် ရေမိုင် (၇၃၀) မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ (Hainggyikyun) ၏ အနောက် - အနောက်တောင်ဘက် ရေမိုင် (၈၄၀) မိုင်ခန့်၊ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့ (Trincomalee) ၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် (၈၀) မိုင်ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ကာရိုင်ကယ်မြို့ (Karaikal) ၏ အရှေ့တောင်ဘက် ရေမိုင် (၂၂၅) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

 

မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်သည်။

 

mdn

 

အဆိုပါ မုန်တိုင်းငယ် (Depression) သည် မြန်မာစံတော်ချိန် (၀၅:၃၀) နာရီတွင် မြောက်လတ္တီကျု (၈.၂) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၂.၅) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်  မိုင်(၃၀)နှုန်းခန့် ဖြစ်သည်။

 

အဆိုပါ မုန်တိုင်းငယ် (Depression) သည် အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ယနေ့ညတွင်သီရိလင်္ကာနိုင်ငံ ကမ်းခြေကို ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရသည်။

 

Credit> မိုးဇလ