ကျောက်ဖြူ ၂၇  ဧပြီ 

ကျောက်ဖြူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် မိုးဦးကာလတွင်  ရာသီဥတုဖြစ်ပေါ်ပြောင်းလဲမှုကြောင့် မုန်းတိုင်းအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် အရေးပေါ် ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်မှုများပြုလုပ်တတ်စေရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်နယ်နေရာချထားရေး ဝန်ကြီးဌာနမှထုတ်ဝေသော မုန်တိုင်းဘေးပညာပေးစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့၊ မွန်းလွဲ(၁)နာရီက ကျောက်ဖြူမြို့၊နဂါးကျောင်းကွင်းရှိ ယာယီပျံကျဈေးတွင် ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ မုန်တိုင်းဘေးပညာပေးစာစောင်တွင် မုန်တိုင်းအတွက်ပြင်ဆင်ရန်များ၊ မုန်တိုင်းသတိပေးချက် အရောင်ဖြင့် သတိပေးစနစ်သတ်မှတ်ချက်များ၊ မိမိနှင့်အတူ ယူဆောင်ရမည့် ပစ္စည်းများ၊ မုန်တိုင်း ဖြစ်ပေါ်နေချိန် ရှောင်ရှားသင့်သည့်အချက်များ၊ မုန်တိုင်းသတိပေးချက်ရလျှင် ဆောင်ရွက်ရန်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်စဉ် လိုက်နာရမည့်အချက်များ၊ မုန်တိုင်းဖြစ်ပေါ်ပြီးချိန် ပြုလုပ်ရန်အချက်များပါဝင်သော လက်ကမ်းစာစောင်အား ယဦယီပျံကျဈေးရှိ ကုန်စိမ်းသည်များ၊ စားသောက်ကုန်စုံဆိုင်များနှင့် ဈေးဝယ်သူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)