နေပြည်တော်၊ ဩဂုတ် ၉
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Show အစီအစဉ် ဆန်းသစ်တင်ဆက်မှုအဖြစ် “ Music Travellers -2 ” တေးဂီတဖျော်ဖြေပွဲကို ၂၀၂၃ခုနှစ်၊ ဩဂုတ် ၁၁ ရက်၊ သောကြာနေ့ ည(၈)နာရီ သတင်းများ အပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
အဆိုပါအစီအစဉ်ကို တေးသံရှင်ယုန်လေးက စီစဉ်ပြီး ချောင်းသာကမ်းခြေသို့ သွားရောက်၍ တေးသံရှင် အစ္စဏီ၊ ဝေလျှံ၊ ဆိုတေး၊ ဥဂ္ဂါ၊ ရာဝဏ္ဏ၊ သီဟ၊ ဘိုဘိုမြသိန်း၊ ယွန်းတို့က အခြားအနုပညာရှင်များစွာနှင့်အတူ ကမ်းခြေအလှအပများနှင့် ယှဉ်တွဲကာ သီဆိုဖျော်ဖြေတင်ဆက်ကြမည်ဖြစ်ကြောင်းနှင့် ဩဂုတ် (၁၃) ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် (Replay) ထပ်မံ ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)