မူဆယ် ဇူလိုင် ၁၃
မူဆယ် နယ်စပ်ဒေသ တရုတ်ယဉ်ကျေးမူ သာရေးနာရေးအသင်း မူဆယ်ဟွာယင်းဂရုဏာဖောင်ဒေးရှင်မှ မူဆယ်မြို့နယ်အတွင်း ကိုဗစ်ရောဂါကာကွယ်ရေးလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေသည့် မူဆယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် လူမူကူညီရေးအသင်း အဖွဲ့များအား အလှူငွေနှင့် ကျန်းမာရေးအသုံးအဆောင်ပစ္စည်းများ ကူညီထောက်ပံ့ခြင်းကို ယနေ့ နံနက် ၉ နာရီက မူဆယ်မြို့ရှိ စိန်ရတနာဟိုတယ်အစည်းအဝေးခန်းမဆောင်၌ ကျင်းပသည်။
မူဆယ် ဟွာယင်းဂရုဏာ ဖောင်ဒေးရှင်း ဒုဥက္ကဋ္ဌ ဦးအိုက်စွန်းနှင့် တာဝန်ရှိသူများက မူဆယ်မြို့နယ် COVID-19 ကာကွယ်ထိန်းချုပ်ရေးအတွက် အလှူငွေကျပ် သိန်း (၁၀၀)၊ မူဆယ်မြို့နယ် မိုင်းယု (၁၀၅) မိုင် ကြက်ခြေနီစေတနာ့လုပ်အားရှင်များနှင့် မြင့်မြတ်ပါရမီအသင်း၊ နှစ်လုံးလှအသင်း၊ သဒ္ဒါဖြူစင် အသင်း၊ ဂရုဏာလူမူကူညီရေးအသင်းနှင့် ၁၀၅ မိုင် ပါရမီလူမူကူညီရေးအသင်းတို့အား တစ်သင်းလျှင် အလှူငွေကျပ်သိန်း(၂၀)နှင့် ကိုဗစ်ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ကာ မူဆယ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် အသင်းအဖွဲ့ခေါင်းဆောင်များက လက်ခံယူကြသည်။
အဆိုပါ လှူဒါန်းပွဲကို မူဆယ်တရုတ်ယဉ်ကျေးမှု သာရေးနာရေးအသင်း ဟွာယင်းဂရုဏာဖောင်ဒေးရှင်မှ ဒုဥက္ကဋ္ဌ ဦးအိုက်စွန်းနှင့် တာဝန်ရှိသူများ၊ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
တရုတ် မြန်မာနယ်စပ် မူဆယ်ဒေသတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူ နေစဉ်မြင့်တက်နေကြောင်း သိရပြီး အဆိုပါ ကိုဗစ်ရောဂါ ကူးစက်ခံထားရသူများကို မူဆယ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ဟန်နိုင်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီစေတနာ့လုပ်အားရှင်များ လူမူရေးအသင်းအဖွဲ့ အချိန်နှင့် တစ်ပြေးညီ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ယခုကဲ့သို့ အလှူရှင်များရှိသည့် အတွက် များစွာ အထောက်အကူဖြစ်ကြောင်း သိရသည်။
သန့်ဇင်(မူဆယ်)


