နေပြည်တော်၊ ၃၀ ဒီဇင်ဘာ

 

မူဆယ်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီခွဲတွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဈေး၊ တိုက်တန်းအမှတ် (R-10)ရှိ ခရီးသည်ပို့ဆောင်ရေးကားဂိတ်တွင် အမျိုးသား ၂ ဦးမှ မသင်္ကာဖွယ်စက္ကူဂျပ်ဖာများ လာရောက်အပ်နှံသွားကြောင်း သတင်းအရ သွားရောက်ဖွင့်ဖောက်စစ်ဆေးရာ ဘိန်းဖြူ ၉ ဒသမ ၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃,၈၀၀ တို့ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့မွန်းလွဲ ၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေးဝင်းရှေ့ အမှတ်(၃) လမ်းပေါ်တွင် ထွန်းအောင်မောင်းနှင်ပြီး ဇော်မင်းလတ် လိုက်ပါလာသည့် အဖြူရောင်အငှားယာဉ်ကို ရပ်တန့်ရှာဖွေရာ ဆေးခြောက် သုည ဒသမ ၂၀၂ ကီလိုကိုလည်းကောင်း၊ ကွင်းဆက်အရ ဇော်ဝင်း (ခ) ကိုဇော်အား လှိုင်မြို့နယ်၊ (၁၃)ရပ်ကွက်၊ ဗဟိုလမ်း၊ နီလာလမ်းထိပ်တွင် စက်ဘီးတစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဆေးခြောက် ၂ ဒသမ ၂ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၇၀ ကိုလည်းကောင်း။

 

အလားတူ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တနင်္သာရီမြို့နယ်၊ ဗောဓိကမ်း-ညောင်ပင်ကွင်း ကျေးရွာသွားကားလမ်း၊ ဥယျာဉ်ခြံအနီးတွင် တင့်လွင်(ခ)သံချောင်းအား ရှာဖွေရာ ၎င်းလွယ်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၃,၈၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား