မူဆယ် ဩဂုတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်းက ဩဂုတ် ၁၃ ရက် နံနက်ပိုင်းတွင် မူဆယ်မြို့နယ် အတွင်းရှိ ပရဟိတအသင်းများနှင့် လိုအပ်အဖွဲ့အစည်းများသို့ တန်ဖိုးငွေ ကျပ် ၁၇၀ သိန်းဖိုးရှိ 36Lt အောက်စီဂျင်အိုး ၇၈ လုံးနှင့် Flow meter box ၇၈ ခုကို အစုံလိုက် လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဒါန်းခြင်းကို မူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်းရုံး၌ ပြုလုပ်ခဲ့ပြီး အသင်းဉက္ကဋ္ဌ ဦးစိုင်းနွံနှင့် အဖွဲ့ဝင်များက လက်ရောက်ပေးအပ်ရာ မူဆယ်မြို့နယ် ပရဟိတအသင်းနှင့် အဖွဲ့အစည်းများက လက်ခံရယူခဲ့ကြသည်။

အယ်လ်စိုး(မူဆယ်)