မူဆယ် ၃၀ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မူဆယ်မြို့နယ်တွင် ဒီဇင်ဘာလ ပထမပတ်တွင် မူဆယ်မြို့နယ် တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးစီးကျင်းပသော ၂၇၁၁ နှစ်မြောက် တအာင်း(ပလောင်)နှစ်သစ်ကူးပွဲတော်ကို မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်အနီးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ဘောလုံးကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဟု သိရသည်။
ဒီပွဲတော်ကျင်းပဖို့အတွက် အခက်အခဲတော့ အနည်းငယ်ရှိတာပေါ့ ဒါပေမယ့် ရိုးရာပွဲတော်ဆိုတော့ အစဉ်အလာမပြတ်တော့ လုပ်ရမှာပဲ။ မူဆယ်မြို့နယ်မှာဆိုရင် ပထမအကြိမ်မှာ နမ့်ကတ်ကျေးရွာ အုပ်စုမန်ကန်ရွာမှာ ကျင်းပပြုလုပ်ခဲ့ပြီး၊ ဒုတိယအကြိမ်မှာ မူဆယ်မြို့နယ်မန်ဟန်ကျေးရွာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်ယခု မိုင်းယု(၁၀၅)မိုင်ကျေးရွာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ် ဒီပွဲအပါအဝင်တအာင်း(ပလောင်) နှစ်သစ်ကူးပွဲတော်ကိုကျင်းပပြုလုပ်ခဲ့တာ (၃)ကြိမ်ရှိပါပြီ၊ ပွဲတော်ကို ဒီဇင်ဘာလ(၂)ရက်နေ့ကနေ(၄)ရက်နေ့ထိ ကျင်းပသြားမွာဖြစ်ပြီး ပွဲတော်ရက် အတွင်းမှာ တအာင်း(ပလောင်) ရိုးရာအကတွေ၊ အားကစားပြိုင်ပွဲ စသဖြင့် ပျော်ပွဲရွှင်ပွဲတွေလည်း ပါဝင်ပါတယ်ဟု တအာင်း(ပလောင်)စာပေနှင့် ယဉ်ကျေးမူကော်မတီအတွင်းရေးမှူး ဦးသိန်းဝင်းက ပြောပါတယ် ဟု ပြောကြားခဲ့သည်။
မူဆယ်မြို့နယ် မိုင်းယု(၁၀၅)မိုင် ကျေးရွာအုပ်စုတွင် ရွာပေါင်း(၉)ရွာရှိပြီး အဓိက ရှမ်းတိုင်းရင်းများနှင့် တအာင်း(ပလောင်)တိုင်းရင်းသားများ နေထိုင်ကြပြီး ယခုပြုလုပ်မည့် ပွဲတော်သည် တအာင်း(ပလောင်)တိုင်းရင်းသားများ ရိုးရာအစဉ်အလာ မပြတ် ကျင်းပပြုလုပ်ခဲ့သည့် ပွဲတော်ကြီးဖြစ်ပြီး အဆိုပါပွဲတော်ကြီးကို ဒီဇင်ဘာ ၂ ရက်နေ့ မှ ၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် မူဆယ်မြို့ ရွှေသမင်ဂေါက်ကွင်းတွင် ပွဲတော်တက်ရောက်လာသည့်သူများ ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်နေ့အထိ ဂေါက်သီး ရိုက်ပြိုင်ပွဲကိုလည်း ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန့်ဇင် မူဆယ်