မူဆယ် မေ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်ပွဲကို ခရိုင်/မြို့နယ် စုပေါင်းရုံးခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ဆောင်ရွက်သည်။
အခမ်းအနားတွင် မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနခရိုင်ဦးစီးမှူး ဦးကျော်မင်းသိန်းက မူဆယ်ခရိုင်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ကဏ္ဍအလိုက် စီမံကိန်းရည်မှန်းချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ ရေးဆွဲထားရှိမှု အခြေအနေများ၊ ဌာနအလိုက် ပြည်ထောင်စု/ပြည်နယ် ဘဏ္ဍာရန်ပုံငွေခွင့်ပြုရရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တာဝန်များကို မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းနှင့် တာဝန်ရှိသူများက တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


