မူဆယ် ၃၀ နိုဝင်ဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ဒီဇင်ဘာလ၊ ဌာနဆိုင်ရာပေါင်းစုံနှင့် ပြည်သူလူထုလမ်းလျှောက်ပွဲကို နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်(၅)နာရီအချိန်၌ မူဆယ်မြို့တွင် ပြုလုပ်ကျင်းပရာ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်သိန်း၊ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကိန်မိုင်၊ မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ခရိုင်ရဲမှူး ဒုတိယရဲမှူးကြီး အောင်ထိန်လင်း၊ မူဆယ်ခရိုင်၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မိုးသူတင့်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ NGO/INGO အဖွဲ့အစည်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထု စုစုပေါင်း(၂၀၀၀)ကျော် လမ်းလျှောက်ဆင်နွှဲ ကြသည်။
ဒီဇင်ဘာလ၊ ဌာနဆိုင်ရာပေါင်းစုံနှင့် ပြည်သူလူထုလမ်းလျှောက်ပွဲကို မူဆယ်မြို့၊ မြို့တော်ခန်းမရှေ့မှ စတင်လမ်းလျှောက်ပြီး ရတနာမြိုင်၊ ပျိုးရင်ခြံအထိ လမ်းလျှောက်ဆင်နွဲ့၍ သိန်းသန်းချီကားကြီးကွင်းအနီး၊ ရဟတ်ယဉ်ကွင်းဟောင်းတွင် ကာယလေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။
“ဒီဇင်ဘာလ၊ ပြည်သူလူထုစုပေါင်းပါဝင်လမ်းလျှောက်ပွဲမှာ လူငယ်တွေ တော်တော်များများ စုပေါင်းပါဝင် လမ်းလျှောက်ပွဲမှာ ပါဝင်ဆင်နွဲ့ကြတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်၊ နယ်စပ်ဒေသ ဖြစ်တဲ့အတွက် လူငယ်တွေကို ဒီလိုအားကစားတွေနဲ့ စည်းရုံးလို့ရှိရင် တိုင်းပြည်အနာဂတ်အတွက် ကျန်းမာကြံ့ခိုင်တဲ့ သားကောင်း၊ သမီးကောင်းရတနာတွေ ပေါ်ထွက်လာမယ်လို့ မျှော်လင့်ပါတယ်”လို့ ဒီဇင်ဘာလ၊ ပြည်သူလူထုစုပေါင်းပါဝင် လမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲ့သည့် မူဆယ်မြို့၊ လူမှုကရုဏာအသင်းဥက္ကဌဦးသောင်းထွန်းက ပြောကြားသည်။
(၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလ၊ ပြည်သူလူထုအားလုံးပူးပေါင်းပါဝင် လမ်းလျှောက်ပွဲကို နိုဝင်ဘာလ (၃၀)ရက်၊ ဒီဇင်လာလ(၇)ရက်၊ (၁၄)ရက်၊ (၂၁)ရက်နှင့် (၂၈)ရက်နေ့၊ အပတ်စဉ် စနေနေ့ရက်တို့တွင် ပြုလုပ်ကျင်းပမည်ဖြစ်ပြီး မူဆယ်မြို့၊ ကျောင်းပေါင်းစုံ၊ Myanmar Fitness Dance၊ Aro Bitနှင့် ကိုယ်လက်ကြံ့ခိုင်မှုပြိုင်ပွဲများကို ပြုလုပ်ကျင်းပမည်ဖြစ်သည်။
“(၂၀၁၉)ခုနှစ်၊ ဒီဇင်ဘာလမှာ ပြုလုပ်ကျင်းပတဲ့ ဌာနဆိုင်ရာများနှင့် အများပြည်သူ လမ်းလျှောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိဘပြည်သူများအရောက်စီတိုင်းကို ခုလိုလာရောက်ဆင်နွဲ့ပေးတဲ့အတွက် အမျာကြီး ကျေးဇူးတင်ပါတယ်၊ အပတ်စဉ်တိုင်းမှာ ပြုလုပ်ကျင်းပမယ့် ပြည်သူလူထုပူးပေါင်း ပါဝင်လမ်းလျှောက်ပွဲမှာ လာရောက်ဆင်နွဲ့ဖို့ အရောက်စီတိုင်းကို ဖိတ်ခေါ်ပါတယ်”လို့ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူးကိုစိုးညီထူးက မိဘပြည်သူများ ဒီဇင်ဘာလ၊ ပြည်သူလူထုလမ်းလျှောက်ပွဲသို့ ပူးပေါင်းပါဝင်ဆင်နွဲ့နိုင်ရန် ပြောကြားသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)