မူဆယ် ၁၄ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ သိန်းသန်းချီကားကြီးကွင်းအနီးတွင် ဖွင့်လှစ်ထားသည့် ပျံကျဈေး၌ ဈေးသည်များနှင့် ဈေးဝယ်သူများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ တားဆီးနိုင်ရန် အတွက် မေ ၁၄ ရက် နံနက် ၅ နာရီခွဲတွင် မူဆယ်မြို့ စည်ပင်သာယာရေးကော်မတီမှ အသိပညာပေး ဟောပြောခြင်း၊ သာမိုမီတာဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် နှာခေါင်းစည်းများ (အခမဲ့)ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်သည်။
မူဆယ်မြို့၌ လူစု၊ လူဝေးမဖြစ်ပွားစေရန်အတွက် ပျံကျဈေးစနစ်ဖြင့် ဈေးရောင်းချစေပြီး ဈေးသည် တစ်ဦးနှင့်တစ်ဦး ၈ ပေကွာခြား၍ နံနက် ၅ နာရီမှ နံနက် ၁၀ နာရီအချိန်အထိ အချိန်အကန့်အသတ်ဖြင့် ဈေးရောင်းချခွင့်ပြုပေးပြီး အဆိုပါပျံကျဈေးကို တစ်ရက်တစ်ကြိမ် ပိုးသတ်ဆေးဖျန်းခြင်းနှင့် ဈေးသန့်ရှင်းရေး လုပ်ငန်းများကို မူဆယ်မြို့၊ စည်ပင်သာယာရေးကော်မတီမှ ပုံမှန်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)


