နေပြည်တော် ၁၉ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၁၇ ရက် နံနက် ၆ နာရီ၅ မိနစ်ခန့်တွင် မူဆယ်မြို့နယ်အတွင်း ရထိုက်လမ်းဆုံနေရာ၌ စောင့်ဆိုင်းနေစဉ် မူဆယ်မြို့နေ စိုးလှိုင်မောင်းနှင်ပြီး မင်းထက်ကျော်လင်း လိုက်ပါစီးနင်းလာသည့် CANDA-125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းတို့ နှစ်ဦးကြားတွင် သယ်ဆောင်လာသည့် ပီနံအိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၄၀၀ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိ ဖမ်းဆီးရမိသူစိုးလှိုင်အား စစ်ဆေးမေးမြန်းချက်အရ မူးယစ်ဆေးဝါးများ ပို့ခိုင်းသူမှာ မူဆယ်မြို့ ဟိုမွန်ရပ်ကွက် နယ်မြေ(၁၆)နေ မောင်မောင်တူး ဖြစ်ကြောင်း သိရှိရသဖြင့် ပူးပေါင်း အဖွဲ့က ၎င်း၏ နေအိမ်အားသွားရောက် စစ်ဆေးရာ ကွင်းဆက်တရားခံမောင်မောင်တူးအား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများအား ရှာဖွေတွေ့ရှိခြင်း မရှိခဲ့ကြောင်းနှင့် မောင်မောင်တူးအား မေးမြန်းချက်အရ မူးယစ်ဆေးဝါးများအား စိုးလှိုင်၏ နေအိမ်သို့ ပို့ဆောင်ထားကြောင်း သိရှိရသဖြင့် ပူးပေါင်းအဖွဲ့က စိုးလှိုင်၏ နေအိမ်အား မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်တွင် ထပ်မံရှာဖွေခဲ့ရာ နေအိမ်အိပ်ခန်း အတွင်း စက္ကူဂျပ်ဖာဖြင့် ထုပ်ပိုး ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၆၀၀ ခန့်)နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
လွှဲပြောင်းအပ်နှံ အဆိုပါ ဖမ်းဆီးရမိသူများ၊ စုစုပေါင်း မူးယစ်ဆေးဝါး တန်ဖိုးငွေကျပ် သိန်းပေါင်း ၆၀၀၀ ခန့်နှင့် မော်တော်ဆိုင်ကယ်အား မူဆယ်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်