မူဆယ်  ၁၁  မေ

မူဆယ်မြို့အဝင် (OHC) တိုးဂိတ်ကို ယနေ့ည ၈ နာရီခွဲ အချိန်ခန့်က  ဆိုင်ကယ်စီးလာသူ နှစ်ဉီးမှ ဗုံးဖြင့် လာပစ်သွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် တိုးဂိတ်အမိုးလန်သွားပြီး ပျက်စီးမှုအနည်းငယ် ရှိခဲ့ကာ တိုးဂိတ်တွင်  ငွေကောက်တာ၀န်ကျသည့် မျိုးထက်နိုင်(၂၁)နှစ်မှာ အနည်းငယ်မှန်ကွဲရှဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဗုံးအား လာရောက်ပစ်သွားသူ နှစ်ဉီးသည် မူဆယ်မြို့ မြို့ရှောင်လမ်းအတိုင်း ဆိုင်ကယ်အား ဆက်မောင်းပြီး ထွက်ပြေးသွားခဲ့ကြောင်း ကနဉီး သတင်းရရှိသည်။

#IPRD MUSE