မူဆယ် ၆ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် ကျင်စန်းကျော့သွားလမ်း ဟိုနောင်ကျေးရွာနောက်ကြော တောင်ကြားတွင် မူဆယ်မြို့နယ်နှင့် မန့်ဟီးရိုးမြို့နယ်ရဲစခန်းတို့မှ ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါး ထိန်းချုပ် ဓာတုပစ္စည်းများကို ယနေ့ နံနက် ၇ နာရီက ဖျက်ဆီးခဲ့သည်။
အဆိုပါ ဖမ်းဆီးထိန်းချုပ် ဓာတုပစ္စည်းများ ဖျက်ဆီးမှုကို မူဆယ်/ခရိုင် မြိုနယ်အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မူဆယ်ခရိုင်/မြို့နယ်အဆင့်ရှိ တရားရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့များ၊ ကျေးရွာရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ခဲ့ကြသည်။
ဖျက်ဆီးခဲ့သည့် ထိန်းချုပ်ဓာတုပစ္စည်းများမှာ မန်ဟီးရိုးနယ်မြေရဲစခန်း အက်စီတုံး ၁၇၂၃၈ ဒသမ ၆၈ လီတာ၊ မူဆယ်မြို့မရဲစခန်း ဟိုက်ဒရိုကလိုရစ်အက်ဆစ် ၉၅၉၉ ဒသမ ၄ လီတာ၊ အီသိုင်းအီသာ ၈၉၄၂ လီတာ၊ မက်သနော ၂၀၇၆ ဒသမ ၇၅ လီတာ၊ အီသိုင်းအက်စီတစ် ၁၂၇၉၈ လီတာ တို့ကို သက်ဆိုင်ရာအဖွဲ့အစည်းများမှ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
သန့်ဇင်(မူဆယ်)


