မူဆယ် ဧပြီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အထက(၂)၌ အတွင်းဖြေနှင့် အပြင်ဖြေ ကျောင်းသား ကျောင်းသူများက ၂၀၂၂ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်အား ဧပြီ ၂ ရက် နံနက် ၉ နာရီက ဆက်လက်ဖြေဆိုခဲ့သည်။
မူဆယ်ခရိုင်တွင် သင်္ချာဘာသာရပ်အား ဖြေဆိုမှုရာခိုင်နှုန်းမှာ ၉၅ ဒသမ ၈၉ ရှိပြီး ပျက်ကွက်ရာခိုင်နှုန်းမှာ ၄ ဒသမ ၁၁ ရှိကြောင်း ပညာရေးဌာနမှ သိရသည်။
ချယ်ရီမြေ(မူဆယ်)


