မူဆယ်     ဇွန်      ၂၉

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ဟောပြောပွဲနှင့် ကရာတေး၊ ဘောလုံးသရုပ်ပြပွဲကို ယနေ့တွင် အမှတ်(၁)၊ (၂)၊ (၃) အခြေခံပညာအထက်တန်းကျောင်းများ၌ ဆောင်ရွက်သည်။

ဦးစွာ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သွယ်သွယ်လှိုင်က ဟောပြောပွဲကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကရာတေးအဖွဲ့က ကရာတေးကစားကွက်များကို သရုပ်ပြပေးခဲ့ကြသည်။ ဆက်လက်၍ ကျောင်းလက်ရွေးစင် ဘောလုံးသမားများက ဘောလုံးသရုပ်ပြကစားခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ခရိုင်ဦးစီးမှူးက ကျောင်းအတွက် အားကစားအထောက်အကူပြု ဘောလုံးများကို ပေးအပ်ရာ အထက(၁)၊ (၂)၊ (၃)ကျောင်းများမှ ကျောင်းအုပ်များက လက်ခံရယူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)