မူဆယ် ၁၇  ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့နယ် လှုမှုဖူလုံရေးရုံးမှ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်း လျှောက်ထားမှုအပေါ် စိစစ်ထုတ်ပေးလျက်ရှိရာ အလုပ်သမား (၄၀၀)ကျော်အတွက် အကျိုးခံစားခွင့် ငွေကျပ် သိန်း ၁၃၀ ကျော် ခံစားခွင့်ထုတ်ပေးခဲ့ကြောင်း မြို့နယ်လူမှုဖူလုံရေးရုံးမှ သိရသည်။

 

ထိုသို့ လူမှုဖူလုံရေးအကျိုးခံစားခွင့် ထုတ်ပေးရာတွင် မူဆယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာလ၌ ယာယီရပ်နားထားသည့် ကုမ္ပဏီပေါင်း ()ခုနှင့် အလုပ်ရုံဌာနပေါင်း ()ခု စုစုပေါင်း အလုပ်ဌာန (၇)ခုမှ အလုပ်သမား (၄၀၀) ကျော်အတွက် အကျိုးခံစားခွင့် ငွေကျပ် (၁၃၀)သိန်းကျော် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“မူဆယ်မြို့၊ မြို့နယ်လူမှုဖူလုံရေးရုံးမှာ အကျိုးဝင်မှတ်ပုံတင်ထားတဲ့ အလုပ်ဌာနစုစုပေါင်း (၁၃၁)ဌာန ရှိပါတယ်၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားတဲ့ကာလမှာ ယာယီပိတ်ထားတဲ့ အလုပ်ဌာနတွေထဲက လူမှုဖူလုံရေးရုံးမှာ (၄၀)ရာခိုင်နှုန်း အကျိုးခံစားခွင့် လျှောက်ထားတဲ့ အလုပ်ဌာန(၁၄)ဌာနထဲက အလုပ်ဌာန(၇)ခုကို လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ထုတ်ပေးပြီဖြစ်ပါတယ်၊ ကျန်ရှိနေတဲ့ အလုပ်ဌာနတွေကိုလည်း လူမှုဖူလုံရေးဉပဒေနဲ့အညီ စိစစ်ပြီး ဆက်လက်ထုတ်ပေးဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်”လို့ မူဆယ်မြို့နယ်လူမှုဖူလုံရေးရုံးမှ တာဝန်ခံ ဒေါ်စုနန္ဒာမိုးက ပြောသည်။

 

ဆက်လက်ပြီး မူဆယ်မြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် အလုပ်ဌာနများမှ အလုပ်သမားများ အတွက် လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ထပ်မံလျှောက်ထားသည့် အလုပ်ဌာနများကိုလည်း ဆက်လက် ထောက်ပံ့ပေးအပ်သွားဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)