နေပြည်တော် ၉ ဇန်နဝါရီ
မူဆယ်မြို့နယ် ဟိုနောင်ကျေးရွာလမ်းခွဲ၌ ဇန်နဝါရီ ၅ ရက် နံနက် ၉ နာရီခွဲခန့်တွင် တွမ်ရင်ရိန်းမောင်းနှင်ပြီး ရန်ဆိုင်လျန်လိုက်ပါလာသော Isuzu ၁၂ ဘီးယာဉ်ပေါ်မှ ကဖင်းအမှုန့် ၄၂၅၀ ကီလို၊ အမိုနီယမ်ကလိုရိုဒ်အမှုန့် ၁၇၅၀ ကီလိုနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ သိမ်းဆည်းရမိခဲ့သဖြင့် အမှုဖွင့်စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးချက်အရ ၎င်းပစ္စည်းများအား မူဆယ်မြို့နယ်၊ တိန်းလုံကျေးရွာ၊ ငွေနဂါး သောက်ရေသန့်စက်ရုံ အနောက်ဘက်ရှိ ခြံဝင်းအတွင်းမှ သယ်ဆောင်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အဆိုပါနေရာသို့ ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ရှာဖွေခဲ့ရာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဖန်ပေါင်းချောင် အကြီး ၁၄ လုံး၊ စတီးဘွိုင်လာအိုး ၂ လုံး၊ မွှေစက်အကြီး ၃ လုံး၊ မွှေကန်အကြီး ၃ လုံး၊ စတီးပေါင်းခံအိုး ၁ လုံး၊ ရေအေးပေးစက်အကြီး ၃ လုံး၊ ပလတ်စတစ်မွှေကန်အကြီး ၃ လုံး၊ ရေပူပေးအခြောက်ခံစက်အကြီး ၅ လုံး၊ အလျား ၃ ပေ၊ အနံ ၇ ပေခန့်ရှိ အထပ်သား သေတ္တာဖြင့်ထည့်လျက် ပစ္စည်းအမျိုးအမည်(စိစစ်ဆဲ) ၁ လုံး၊ တရုတ်အက္ခရာနှင့် U 18671 နံပါတ်ပါ ၁၂ ဘီးယာဉ်နောက်ခန်းအတွင်း ပလတ်စတစ်ပုံးများဖြင့် ထည့်ထားသည့် အီသိုင်းအီသာ ၈၉၆၀ လီတာ၊ မက်သနော ၂၀၈၀ လီတာတို့အား ထပ်မံသိမ်းဆည်းရမိသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပြီး ကွင်းဆက်ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
MDN
