မူဆယ် ဇွန် ၁၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကျေးရွာမြေငှား ဂရန်ပေးအပ်ပွဲ အခမ်းအနားကို မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာ လူငယ်ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်သည်။
ဦးစွာ ပန်ခမ်းကျေးရွာအတွင်းမှ မြေငှားဂရန် လာရောက် လျှောက်ထားသူများ၏ အိမ်နေရာ များသို့ ကွင်းဆင်းစစ်ဆေးသည်။ ယင်းနောက် ကျေးရွာမြေငှားဂရန် ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ မူဆယ်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစန်းမင်းက အမှာစကားပြောကြားသည်။ ဆက်လက်၍ ဆောင်ရွက်ပြီးစီးသည့် ကျေးရွာမြေငှားဂရန်များကို မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲ ရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


