မူဆယ် ၃၀ ဇူလိုင်
မူဆယ်မြို့နယ်တွင် မဲဆန္ဒရှင် စုစုပေါင်း ၁ သိန်းကျော်ရှိကြောင်း မူဆယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးမြင့်နိုင်ထံမှ သိရသည်။
“မူဆယ်မြို့နယ်မှာ မဲဆန္ဒရှင် စုစုပေါင်း(၁)သိန်းကျော် ရှိပါတယ်။ မဲစာရင်းတွေကို ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်ကစတင်ပြီး ဩဂုတ် ၇ ရက်အထိ ထုတ်ပြန်ကြေညာထားမှာဖြစ်ပါတယ်” ဟု မူဆယ်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
ယခုထုတ်ပြန်ကြေညာထားသည့် မဲစာရင်းထဲတွင် မိမိနာမည်မပါဝင်ပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ရုံးခွဲသို့ (၁၄)ရက်အတွင်း သတ်မှတ်ပုံစံများနှင့်အညီ ပြင်ဆင်နိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက မူဆယ်မြို့အတွင်းရှိ ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးခွဲများတွင် မဲစာရင်းကပ်ထားမှု အခြေအနေနှင့် မဲစာရင်းလာရောက်ကြည့်ရှုမှု အခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)