မူဆယ်   နိုဝင်ဘာ  ၁၇

(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ကြားခြင်းနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက   ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ အ.ထ.က(၂)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင်  မူဆယ်ခရိုင်အုပ်ချူပ်ရေးမှူး ဦးအောင်ဇော်မိုးက နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး ပညားရေးဌာနမှ စီစဉ်ကျင်းပသည့် (၁၀၂) နှစ်မြောက် အမျိုးသားနေ့အောင်ပွဲနေ့ အထိမ်းအမှတ်အကြိုအဖြစ် ခရိုင်အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဌာနဆိုင်ရာများက ပေးအပ် ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမျိုးသား  အောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ၊ အမျိုးသားနေ့အထိမ်းအမှတ် နံရံကပ် စာစောင်များနှင့် ခရိုင်ဒေသအတွင်း ပြည်သူ့အကျိုးပြုလုပ်ငန်း လှုပ်ရှားဆောင်ရွက်မှုများအား ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)