မူဆယ်မြို့တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

မူဆယ် မေ ၅

(၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင် မီးသတ်တပ်ဖွဲ့စခန်း၌ ကျင်းပပြုလုပ်ခဲ့ရာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေး အရံမီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးက မိန့်ခွန်းဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးအောင်ဇော်မိုးနှင့် တာဝန်ရှိသူတို့က  အဖွဲ့လိုက်ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် လ/ထမီးသတ်ဦးစီးမှူး ဦးအောင်ဇေယျနှင့် အဖွဲ့ဝင်များ၊ ရာထူးတိုးမြှင့်ခံရသည့် မန်ဟီးရိုးနယ်မြေ မီးသတ်စခန်းမှ လ/ထ မီးသတ်ဦးစီးမှူး ဦးစိုးဝင်းမြင့်အား ရာထူးအဆင့် တံဆပ်တပ်ဆင်ခြင်းနှင့် မီးသတ် ကျင့်ဝတ်ဖြေဆိုပြိုင်ပွဲတွင် တတိယဆုရရှိသူအား ဆုချီးမြှင့်ခြင်း၊ ဝတ်စားဆင်ယင်မှုနှင့် တစ်ကိုယ်ရည် သန့်ရှင်းသပ်ရပ်မှုတွင် ပထမဆုရရှိသော တပ်ဖွဲ့ဝင်များ၊ အိမ်ထောင်သည်လိုင်းခန်းဆု ရရှိသည့် တပ်ဖွဲ့ဝင်များအား အသီးသီး ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးနည်းနှင့် မီးငြှိမ်းသတ်နည်း သရုပ်ဖော်ပြသခဲ့ပြီး အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)