မူဆယ် ၃၀ မတ်


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရစ်ယာန်ရပ်ကွက်၊ အ.ထ.က(၁) ကျောင်းအနီးတွင် မတ်လ ၃၀ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်မှာ အ.ထ.က(၁) နောက်ကျောလမ်း၊ နယ်မြေ(၅)၊ ခရစ်ယာန်ရပ်ကွက်ရှိ ဦးလဂျာ (၄၆)နှစ်၏နေအိမ်တွင် သွပ်မိုးတွင်ကပ်လျက် သွယ်တန်းထားသည့် ဝါယာကြိုးပေါက်ပြဲပြီး မီးလောင်ကျွမ်းကာ သွပ်မိုး၊ ထရံကာ မြေစိုက် အလျား ပေ (၃၀)၊ အနံပေ (၂၀)၊ အမြင့် (၁၀)ပေခန့်ရှိ နေအိမ်(၁)လုံးနှင့် ၎င်းအိမ်နှင့် ကပ်လျက် ဘေးအိမ်သို့ ကူးစက်၍ မျက်နှာကျက် မီးလောင်ကျွမ်းခဲ့သည်။


အဆိုပါ မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြပြီး လူနေအိမ်(၁)လုံးနှင့် မျက်နှာကျက် မီးလောင်ကျွမ်းခဲ့ကာ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။


ဗန်ရိုးထန်(ပြန်/ဆက်)

 

1