နေပြည်တော် ဒီဇင်ဘာ ၁၁
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၈ ရက် ညပိုင်းတွင် မူဆယ်မြို့နယ်၊ ၁၀၅ မိုင်(မိုင်းယု)ကျေးရွာအုပ်စု၊ ၁၀၅ မိုင် (မိုင်းယု)ကျေးရွာ၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် မနန်းအောင်ခန့်(ခ)ရှမ်းမ မောင်းနှင်လာသည့် MINI COOPER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၆,၀၀၀ ကိုလည်းကောင်း၊ ဒီဇင်ဘာ ၁၀ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် သီပေါမြို့နယ်၊ နောင်အန် ကျေးရွာ အုပ်စု၊ ခိုလုံ ကျေးရွာ၊ (၉)မိုင်လမ်းခွဲအနီး၊ သီပေါ-မိုင်းရယ်သွားကားလမ်းတွင် သုခအောင် မောင်းနှင် ပြီး မညိုညိုစိန် (ခ) ဒေါ်ညို လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ငွေကျပ် သိန်း ၁,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်း တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)