မူဆယ် ၉ သြဂုတ်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် ယနေ့ နံနက် ၁၁ နာရီခန့်က (၂၂)ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိခဲ့ရာမှ ဆိုင်ကယ်သမား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ မန္တလေးတိုင်း မြစ်ငယ်တွင်နေထိုင်သူ ယာဉ်မောင်း ကိုစိုးသီဟ အသက်(၁၈)နှစ်နှင့် ယာဉ်နောက်လိုက် ကိုစည်သူတို့(၂) ဦးမောင်းနှင်လာသည့် (၂၂)ဘီး ယာဉ်သည် ကျယ်ဂေါင်ဘက်မှ မြေဆီများ တင်ဆောင်လာပြီး မူဆယ်မှ မန္တလေးဘက်သို့ ထွက်ခွာလာစဉ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အရောက် ယာဉ်ပေါ်ပါ ပစ္စည်းများအား ဂျူတီဆောင်ရန်အတွက် သွင်းကုန်အဝင်ပေါက်အရောက် ကွေ့ပြီး ဝင်နေစဉ် (၁၀၅)ဘက်မှ မူဆယ်ဘက်သို့ ပြည်ထောင်စုလမ်းမကြီးအတိုင်း မောင်းနှင်လာသော ဆိုင်ကယ်နှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ 


အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာသို့ မူဆယ်ယာဉ်ထိန်း တပ်ဖွဲ့တို့ ရောက်ရှိလာပြီး ဖြစ်စဉ်အား ကြည့်ရှုစစ်ဆေးခဲ့ရာ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်သမား(စုံစမ်းဆဲ)တွင် ဒဏ်ရာများရရှိခဲ့ပြီး  ၂၂ ဘီးယာဉ်နှင့် ဆိုင်ကယ်လည်း ကျိုးကြေပျက်စီးလျက်ရှိကြောင်း အသီးသီး စစ်ဆေးတွေ့ရှိခဲ့သည်။ 


ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရရှိသူ ဆိုင်ကယ်သမားအား အချိန်မီ ဆေးကုသမှုခံယူရန်အတွက် (၁၀၅)မိုင် ပါရမီလူမှုကူညီရေးအသင်း ကားဖြင့် မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


သန့်ဇင်