မူဆယ်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မူဆယ် ၁၆ ဖေဖော်ဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့တွင် ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်က ကောင်းမှုတုံရပ်ကွက် (မြန်မာ့စီးပွားရေးဘဏ်ကပ်ရပ်)၊ ဖုန်းအရောင်းဆိုင်ရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

mdn

 

မီးလောင်ရာသို့ မူဆယ်မြို့ မီးသတ်ဦးစီးဌာနနှင့် ကောင်းမှုတုံရပ်ကွက်မှ မီးသတ်ယာဉ် (၈)စီး၊ မီးသတ်တပ်ဖွဲ့ (၂၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ (၅၀)ဦး စုစုပေါင်း (၇၀)ဦးတို့က ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဆိုင်ကယ်(၂)စီးနှင့် သွပ်မိုး၊ အုပ်ကာ၊ နှစ်ထပ်တိုက် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဆိုင်ဖြူ(မူဆယ်)

 

mdn