မူလန်ရုပ်ရှင်သစ် စမ်းသပ်ထုတ်လွှင့်

mdn

၉ ဇူလိုင်

 

ကျော်ကြားတဲ့ တိုက်ခိုက်ရေးရုပ်ရှင်တစ်ခုဖြစ်တဲ့ ''Mulan''  ကို လိုက်ဖ်အက်ရှင်ရုပ်ရှင်သစ်အဖြစ် ပြန်လည်ဆန်းသစ်ရိုက်ကူးလျက်ရှိပါတယ်။ ဒီရုပ်ရှင်သစ်မှာတော့အဓိကဇာတ်ကောင် မူလန်အဖြစ် တရုတ်မင်းသမီး လျူရီဖိုင်က ပါဝင်သရုပ်ဆောင်ထားပါတယ်။ လတ်တလောမှာတော့အဆိုပါ လိုက်ဖ်အက်ရှင် ရုပ်ရှင်သစ်ကိုစမ်းသပ်ထုတ်လွှင့်ပေးခဲ့ကြောင်း အီးအွန်လိုင်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

 

၁၉၉၈ ခုနှစ်က ထုတ်လွှင့်ပြသချိန်မှာ အလွန်ကို အောင်မြင်ခဲ့တဲ့ မူလန်ရုပ်ရှင်ဟာ လတ်တလောမှာတော့ လိုက်ဖ်အက်ရှင်ရုပ်ရှင်အဖြစ် ပရိသတ်ရှေ့ အမြည်းသဘောရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီအစမ်း ရုပ်ရှင်မှာတော့အဓိကဇာတ်ကောင်မူလန်ဟာ မြင်းကိုစီးကာ တိုက်ခိုက်ဖို့အတွက် အသင့်ဖြစ်နေတာကိုလည်း တွေ့ရပါတယ်။ အစမ်းရုပ်ရှင်မှာ မူလန်ရဲ့ မိတ်ကပ်ခြယ်သမှုအပိုင်းတွေကိုလည်း တွေ့မြင်ရပြီး သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကိုလည်း ခံစားရပါတယ်။

 

ဆိုပါအစမ်းရုပ်ရှင်ဟာ စက္ကန့် ၉၀ ခန့်ကြာမြင့်ပေမယ့် ဒီရုပ်ရှင်မှာတော့ ယခင်ရုပ်သံဖန်တီးမှုရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ဇာတ်ကောင်တစ်ခုဖြစ်တဲ့ မူရှူးပါဝင်တာကိုမတွေ့ရပါဘူး။ ဒါကြောင့် အချို့သော ပရိသတ်တွေက လိုက်ဖ်အက်ရှင်ရုပ်ရှင်သစ်မှာ မူရှူး ပါဝင်သွားမှာမဟုတ်ကြောင်း ဝေဖန်ခဲ့ကြပြီး အဲဒီလိုမပါဝင်ပါကလည်း ဝမ်းနည်းမိကြောင်း လူမှုကွန်ရက်မီဒီယာတွေပေါ်ကနေတစ်ဆင့်ရေးသားဖော်ပြခဲ့ကြတယ်လို့လည်း သိရပါတယ်။

 

မူလန်ရုပ်ရှင်ဟာ တရုတ်အမျိုးသမီး သူရဲကောင်းတစ်ဦးအကြောင်း ပုံဖော်ထားတာဖြစ်ပါတယ်။ တိုင်းပြည်ကို ကျူးကျော်လာသူများကို ယောကျာ်းလေးတစ်ဦး အသွင်ပြောင်းကာ ပြန်လည်တိုက်ခိုက်ခဲ့တဲ့အမျိုးသမီး မူလန်အဖြစ် ကျော်ကြားတဲ့မင်းသမီးတစ်ဦးဖြစ်သူ လျူရီဖိုင်က ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပြန်လည်ဆန်းသစ်ရိုက်ကူးသွားမယ့် လိုက်ဖ်အက်ရှင်ရုပ်ရှင်သစ်မှာတော့ အခြားသော ဇာတ်ဆောင်တွေအဖြစ် မင်းသား ဂျက်လီလည်း ပါဝင်ထားပြီး ဂွန်လီ၊ ဒန်နီယန်တို့လည်း ပါဝင်အားဖြည့်ထားကြောင်း သိရပါတယ်။

 

''Mulan''  ကိုတော့ လာမယ့် ၂၀၂၀ ပြည့်နှစ် မတ် ၂၇ ရက်မှာ ကမ္ဘာတစ်ဝန်း စတင်ရုံတင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

အေးပြည့်