နေပြည်တော် ၁၂ မေ

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရဟန်းရှင်လူပြည်သူအများ တညီတညွတ်တည်း သုံးစွဲနိုင်ရန်အတွက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့က မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခဒိန်ကို ရေးဆွဲ၍ အနုပညာဦးစီးဌာနက နှစ်စဉ် ရောင်းချပေးလျက်ရှိသည်။

 

ယခုနှစ်တွင်လည်း မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့ ပညာရှင်များက ရေးဆွဲထားသည့် မြန်မာသက္ကရာဇ် ၁၃၈၂-၁၃၈၃ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၁ ခုနှစ်အတွက် မြန်မာ-ရခိုင်-အင်္ဂလိပ် မူမှန်ပြက္ခဒိန်ကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လဆန်းမှစတင်၍ တစ်စောင်လျှင် ၁၀၀၀ဝ (ကျပ်တစ်သောင်း တိတိ)ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၅) အနုပညာဦးစီးဌာန(နေပြည်တော်)တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်