သည်ဟိတ် ဇန်နဝါရီ ၁၉

 

နယ်သာလန်နိုင်ငံ အမ်စတာဒမ် ချစ်စ်ပူလေဆိပ်၌ ဇန်နဝါရီ ၁၈ ရက်က လေးရက်မြောက်ဆက်တိုက် မြူထူထပ်သဖြင့် လေယာဉ်ခရီးစဉ်များ ဖျက်သိမ်းခဲ့ရသည်ဟု သိရသည်။

 

ဇန်နဝါရီ ၁၈ ရက်အတွက် လေယာဉ်ခရီးစဉ် ၅၀ ခန့် ဖျက် သိမ်းခဲ့ရပြီး တစ်ပတ်အတွင်း ခရီးသွားလာမှုကို သိသိသာသာ အဟန့်အတား ဖြစ်စေခဲ့သည်။

 

မြူထူထပ်သည့် အခြေအနေ ကြောင့် ဇန်နဝါရီ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် လေယာဉ်ခရီးစဉ်ပေါင်းများစွာ ဖျက်သိမ်းခဲ့ရပြီး ဇန်နဝါရီ ၁၅ ရက်တွင်လည်း ခရီးစဉ်ပေါင်း ၁၀၀ ကျော် ဖျက်သိမ်းခဲ့ရသည်။

 

နိုင်ငံ အနောက်မြောက်ပိုင်း ဒေသများတွင် မြူထူထပ်စွာ ကျဆင်းမှုအတွက် အဝါရောင် သတိပေးချက်ကို နယ်သာလန် အမျိုးသား မိုးလေဝသ အင်စတီ ကျုက ထုတ်ပြန်ထားသည်။

 

မြူများထူထပ်စွာ ကျဆင်းခြင်းကြောင့် လမ်းများတွင် အန္တရာယ်ရှိသည့် အခြေအနေများ ဖြစ်ပေါ်ပြီး မြင်နိုင်စွမ်းအားမှာ အချို့သောနေရာများတွင် မီတာ ၂၀၀ အောက် ကျဆင်းသွားသည်။  လမ်းပေါ်တွင် မြင်နိုင်စွမ်း အားနည်းမှုကြောင့် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ယာဉ်မတော်တဆမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ဆင်ဟွာ