နေပြည်တော် ၂၀ ဒီဇင်ဘာ
မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် စံချိန်စံညွှန်းဆိုင်ရာ လုပ်ငန်းကော်မတီ အဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီက အမှာစကားပြောကြားပြီး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမောင်သိန်းနှင့် လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင်တို့က လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြပြီး ကော်မတီဝင်များက အကြံပြုဆွေးနွေးကြသည်။
ကိုမျိုး