မန္တလေး ၂ ဇန်နဝါရီ 

မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူနေသူသင်တန်းသားများအား စိတ်ပိုင်းဆိုင်ရာ ခွန်အားများ ရရှိ စေရန်ရည်ရွယ်၍ စိတ်ခွန်အားမြှင့်တင်သည့် ဟောပြောပွဲကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန။ မန္တလေးမြို့၊ ၇၃လမ်း၊ ၁၀လမ်းနှင့်၁၂လမ်းကြားရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းတွင် ဒီဇင်ဘာ ၂ ရက်နေ့ နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်းမန်နေဂျာ ဦးညွန့်မြိုင်က အဖွင့်အမှာ စကားပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန အကြံပေးပညာရှင် ဒေါက်တာဘုန်းမြင့်က ပြန်လည်ထူထောင်မှု ခံယူနေသူ သင်တန်းသားများအား အဝတ်အထည်နှင့် စာရေးကိရိယာများအား ပေးအပ်လှူဒါန်းရာ  ပြန်လည် ထူထောင်ရေးစခန်းမှ ဒုတိယဦးစီးမှူး ဦးအေးလွင်က ဂုဏ်ပြုလက်မှတ်ပြန်လည်ပေးအပ်သည်။

 

a

 

ထို့နောက်  ပြန်လည်ထူထောင်ရေးဦးစီးဌာန အကြံပေးပညာရှင် ဒေါက်တာဘုန်းမြင့်မှ လူငယ်နှင့်စိတ်ဓာတ်ခွန်အား ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးသည်။

အဆိုပါ ဟောပြောပွဲသို့ မြန်မာနိုင်ငံစေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူးအသင်း(ဗဟို)ဒု-ဥက္ကဌ ဦးအုန်း ရွှေ ၊အတွင်းရေးမှူးဦးမြင့်သန်းနှင့်မြို့နယ်အသင်းခွဲမှတာဝန်ရှိသူများ နှင့် မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှု ခံယူ နေသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

သန်းဇော်မင်း(ပြန်/ဆက်)