နေပြည်တော်၊ ၄ ဒီဇင်ဘာ
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် UNODC မှ တာဝန်ရှိသူများတွေ့ဆုံ၍ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ စစ်ဆေးသည့် လက်ကိုင်စက်ကိရိယာ ၄ လုံးအား လွှဲပြောင်းပေးအပ်ကို နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။
လှူဒါန်းရခြင်းရည်ရွယ်ချက်မှာ တရားမဝင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းကို တားဆီးထိန်းချုပ်နိုင်ရေးနှင့် မူးယစ်ဆေးဝါးများ စစ်ဆေးရာတွင် အကျိုးရှိရှိ အသုံးပြုနိုင်ရန်အတွက် UNODC မှ လှူဒါန်းခြင်းဖြစ်ပြီး မကြာမီ ရက်သတ္တပတ်အတွင်း၌လည်း မက်သ်အဖက်တမင်းနှင့် ဓာတုပစ္စည်းများစစ်ဆေးသည့် ကိရိယာများကိုလည်း ဆက်လက်လှူဒါန်းသွားမည် ဖြစ်သည်။
ထို့အပြင် ဆက်စပ်သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး အဆိုပါပစ္စည်းများကို နိုင်ငံတစ်ဝန်းရှိ မူးယစ်ဆေးဝါး အဓိကသယ်ဆောင်ရာ လမ်းကြောင်းများတွင်ထားရှိ၍ စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


