နေပြည်တော်၊ ၄ ဇန်နဝါရီ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၃ ရက် ညနေ ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်(တောင်)၊ အမှတ်(၁၆၃၂)နေ အာကာပိုင်စိုး ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၂၀၀ နှင့် အိုက်စ် သုည ဒသမ ၇၈ ကီလိုတို့ကိုလည်းကောင်း၊
ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် လောက်ကိုင်မြို့၊ အမှတ်(၂) ရပ်ကွက်၊ ပယ်စိမ်းလမ်းရှိ လီလောက်ကျင်း၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၅,၂၀၀ နှင့် အိုက်စ် သုည ဒသမ ၀၈ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဉပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)