မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ ကြီးမှူးကျင်းပမည့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ (၂၃) ကြိမ်မြောက် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများ၌ ခေါင်းစဉ်အဖြစ် အသုံးပြုရန်အတွက် မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ပုဒ် ၅ ခု ရွေးချယ်မည်ဖြစ်ပါ၍ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်။

 

(၁) တစ်ဦးလျှင် ဆောင်ပုဒ် ၂ ခု ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။

 

(၂) ဆောင်ပုဒ် ၁ ခုချင်းစီအား မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ယှဉ်ပြိုင်ရမည်။

 

(၃) မြန်မာဘာသာအတွက် Pyidaungsu Font, size - 13 ဖြင့်လည်းကောင်း၊ အင်္ဂလိပ်ဘာသာအတွက် Pyidaungsu Font, size -12 ဖြင့်လည်းကောင်း ပေးပို့ရမည် ဖြစ်ပါသည်။

 

(၄) ပြိုင်ပွဲဝင် ဆောင်ပုဒ်များအား ၁၅-၂-၂၀၂၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်။

 

(၅) ဆောင်ပုဒ်ယှဉ်ပြိုင်သူများသည် Fax ၀၆၇၃ - ၄၁၂၆၈၀ နှင့် Email လိပ်စာ [email protected] သို့ ပေးပို့ရမည်။

 

(၆) ဆောင်ပုဒ်ယှဉ်ပြိုင်သူများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် အမည်၊ နေရပ်လိပ်စာ ပြည့်စုံစွာ ပါရှိရမည်။

 

မှတ်ချက်။ မူးယစ်ဆေးဝါးပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူပြီး ပြည်သူအားလုံးမှ တက်ကြွစွာ ပူးပေါင်းပါဝင်ယှဉ်ပြိုင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။