မြဝတီ-အာရှလမ်းတွင် မှန်လုံယာဉ်မှ ပရိုဘောက်ယာဉ်အား ဝင်တိုက်မိပြီး ခရီးသည် ငါးဦး ဒဏ်ရာရရှိ

ကော့ကရိတ် ၂၄ ဧပြီ 

 

မြဝတီ-အာရှလမ်းတွင် ယနေ့ နံနက် ၉နာရီ ၄၅ မိနစ်က မှန်လုံယာဉ်တစ်စီး ဘရိတ်ပေါက်ကာ တောင်ကမ်းပါးယံအား ဝင်ရောက်တိုက်မိပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားကာ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော ပရိုဘောက်ယာဉ်အား ဝင်တိုက်မိသဖြင့် ယာဉ်ပေါ်ပါ ခရီးသည်ငါးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

dd

 

ကော့ကရိတ်မြို့နယ် မြဝတီ-ကော့ကရိတ် အာရှလမ်း ကီလိုမီတာ ၁၅၄ နှင့် ၁၅၅ အကြား နတ်စင်ကွေ့ အနီးတွင် မြဝတီဘက်မှ ကော့ကရိတ်ဘက်သို့ ယာဉ်မောင်း ထွန်းအောင်ကျော်(၅၀-နှစ်)(၁၀)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့၊ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်လာသော 7H/---- JAC အမျိုးအစား အနီရောင် မှန်လုံယာဉ်သည် အခင်းဖြစ်နေရာအရောက် ဘရိတ်မမိတော့ဘဲ လမ်းယာဘက်ရှိတောင်ကမ်းပါးယံအား ဝင်ရောက်တိုက်မိ၍ ဝဲဘက်ယာဉ်ကြောသို့ရောက်ရှိသွားပြီး ဝဲဘက်ယာဉ်ကြောအတိုင်း ယာဉ်မောင်း လင်းအောင်(၃၃-နှစ်) မူးနိုင်းရပ်ကွက် ပေါင်မြို့နယ် မွန်ပြည်နယ်နေသူ မောင်းနှင်လာသော GG/------ ပရိုဘောက် အဖြူရောင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။

 

ယာဉ်တိုက်မှုကြောင့် ပရိုဘောက်ယာဉ်ပေါ်လိုက်ပါလာသော ခရီးသည်များဖြစ်သည့် ဒေါ်အေးခိုင်(၄၇-နှစ်)၊ မောင်ဖြိုးဖြိုးအောင်(၅-နှစ်)၊ မခင်ဝင်း(၃၈-နှစ်)၊ မန်းအောင်ဝင်း(၄၀-နှစ်)၊ စိုးနန္ဒာဝင်း(၃-နှစ်)တို့(၅)ဦးတွင် (မစိုးရိမ်ရ)ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ကော့ကရိတ်ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် ပို့ဆောင်ထားကြောင်း သိရသည်။

 

မင်းသူ(ဘားအံ)

 

ee