နေပြည်တော်  ၁၄  ဖေဖော်ဝါရီ

           

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲက မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ သောင်ရင်း မြစ်ကမ်းဘေး လမ်းတွင်တွေ့ရှိသူ ကျော်စိုးမိုး(ခ)စောကျော်ကျော်အား ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၀၀၀ သိမ်းဆည်းရမိခဲ့သည်။

           

အလားတူ ယင်းနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာအုပ်စု၊ ပွေးတူးကျေးရွာအနီး မိုးမိတ်-မဘိမ်းကားလမ်းတွင် ထွယ်အောင် မောင်းနှင်ပြီး ဆင်ဝါးလီ လိုက်ပါလာသည့် CROWN မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ ဘိန်းဖြူ ၁ ဒသမ ၅၂ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း၊

 

ထို့အတူ မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့၊ အမှတ်(၄)ရပ်ကွက်၊ ဈေးသစ်လမ်းနေ မနန်းကြာပွင့်၏ နေအိမ်ကိုရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၇၅၀ ၊ မြန်မာငွေကျပ်၄၀,၀၀၀၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်း ရမိခဲ့သဖြင့် ၄င်းတို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ရဲပြန်ကြား